"မတော်ရာလူတွေအတွက် အာဏာဟာ အပယ်သို့လား" စာသား ကိုင်ဆောင်၍ ရန်ကုန်တွင် ဆန္ဒပြ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။

"မတော်ရာလူတွေအတွက် အာဏာဟာ အပယ်သို့လား" စာသား ကိုင်ဆောင်၍ ရန်ကုန်တွင် ဆန္ဒပြ


ရန်ကုန်မြို့ တစ်နေရာ၌ ကျောင်းသားလူငယ်များ ဦးဆောင်၍ ယနေ့ ဇန်နဝါရီလ ၁၁ ရက်၊ နေ့လယ်ပိုင်းတွင် "မတော်ရာလူတွေအတွက် အာဏာဟာ အပယ်သို့လား " စာသား ကိုင်ဆောင်၍ စစ်အာဏာရှင်ဆန့်ကျင်ရေး ပျောက်ကြားသပိတ် ပြုလုပ်ခဲ့‌ကြောင်း သိရသည်။

.


အဆိုပါ ပျောက်ကြားသပိတ် အဖွဲ့ဝင်များသည် ဖက်ဆစ်စစ်တပ် အမြစ်ဖြတ်ရေး ၊ စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ပျက်ဆီးဆုံးရှုံးရသည့် ကရင်နီပြည်နယ် အားတင်းထားရန်ကိုလည်း ကြွေးကြော်ဆန္ဒ ပြခဲ့ကြသည်။

.


သင်္ဃန်းကျွန်းမြို့နယ် လူငယ်များသမဂ္ဂနှင့် သင်္ဃန်းကျွန်းမြို့နယ်ကျောင်းသားများသမဂ္ဂ(ဗကသများအဖွဲ့ချုပ်)မှ ဦးဆောင်၍ အထက (၁) သင်္ဃန်းကျွန်း ကျောင်းသားများသမဂ္ဂ ၊ အထက (၄) သင်္ဃန်းကျွန်း ကျောင်းသားများသမဂ္ဂ ၊ အမက (၈) မူလွန်သင်္ဃန်းကျွန်း ကျောင်းသားများသမဂ္ဂ ၊ တာမွေမြို့နယ်ကျောင်းသားများသမဂ္ဂ၊ တောင်ဥက္ကလာပမြို့နယ်ကျောင်းသားများသမဂ္ဂ ၊အထက (၃) တောင်ဥက္ကလာပကျောင်းသားများသမဂ္ဂ၊ မင်္ဂလာဒုံမြို့နယ်ကျောင်းသားများသမဂ္ဂ နှင့် မြို့နယ်ပေါင်းစုံပျောက်ကြားသပိတ်တို့မှ လူငယ်များ ပူးပေါင်းပါဝင်၍ ဆန္ဒပြခဲ့ခြင်း ဖြစ်သည်။

Journal Download

Photo of three cats