ဖယ်ခုံမြို့နယ်၊ မိုးဗြဲမြို့၊ ဟိုက်ကွီရွာရှိ နေအိမ်တစ်လုံးပေါ်သို့ ယနေ့ ဇန်နဝါရီလ ၃ ရက်၊ နံနက် ၆ နာရီခန့်တွင်လက်နက်ကြီးကျည် ကျရောက်၍ အမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာမျ ရရှိခဲ့ကြောင်း သိရသည်။
.
" အမည်မသိ တပ်မှ ပစ်လိုက်သော လက်နက်ကြီးတစ်လုံး ကျရောက်ပြီး ပြည်သူ အမျိုးသမီး တစ်ဦး ထိမှန်သွားသဖြင့် Mobye Rescue Team မှသွားရောက် ကယ်ဆယ်ပြီး မိုးဗြဲနာရေးကူညီမှုအသင်းနှင့် ချိတ်ဆက်ကာ လွိုင်ကော်ဆေးရုံသို့ ပို့ဆောင်ပေးခဲ့သည်။" ဟု Mobye Rescue Team က ထုတ်ပြန်သည်။
.
ပြည်သူများ အနေဖြင့် ဘေးကင်း လုံခြုံသောနေရာတွင် နေထိုင်ကြရန်နှင့် လက်နက်ကြီး၊လက်နက်ငယ် ထိမှန်သော ပြည်သူများ ရှိပါက 09254966775 ၊ 09967283482 ၊ 09453560132 သို့ ဆက်သွယ်နိင်သည်ဟုလည်း ထုတ်ပြန်ထားသည်။