ကျောက်မဲမြို့နယ်၌ အသက် ၇၀ ကျော် အဘိုး တစ်ဦ်း မိုင်းထိ၍ ပြင်းထန် ဒဏ်ရာများ ရ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

ကျောက်မဲမြို့နယ်၌ အသက် ၇၀ ကျော် အဘိုး တစ်ဦ်း မိုင်းထိ၍ ပြင်းထန် ဒဏ်ရာများ ရ


ကျောက်မဲမြို့နယ်၊ ကုန်းသာရွာသစ်နေ အသက် ၇၀ ကျော်အရွယ် အဘိုး တစ်ဦ်းသည် ယနေ့ ဇန်နဝါရီလ ၁ ရက်၊ နေ့လယ်ပိုင်းတွင် မိုင်း ထိမိရာမှ ပေါက်ကွဲမှုကြောင့် ပြင်းထန် ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရသည်။

.

ကလောဝိုင်းရွာဘက်သို့ သွားသည့်လမ်းအားကုန်းသာရွာသစ် ကျေးရွာနေ ဒေသခံများက ဝိုင်းဝန်း သန့်ရှင်းရေး လုပ်စဉ် အသက် နှစ် ၇၀ ကျော်အရွယ် တားအအေး သည် မိုင်းအား ပေါက်ပြားဖြင့် ထိမိရာမှ ပေါက်ကွဲခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

.

အဆိုပါ မိုင်း ပေါက်ကွဲမှုကြောင့် တားအအေး ၏ ခြေထောက်၊ လက်နှင့် ခါးတွင် ပြင်းထန် ဒဏ်ရာများ ရရှိခဲ့ကာ ဆေးကုသမှု ခံယူရန် ဆေးရုံသို့ ပို့ဆောင်ခဲ့ကြောင်း သိရသည်။

.

ကျောက်မဲမြို့နယ်တွင် မိုင်း ပေါက်ကွဲမှု ဖြစ်စဉ်များ မကြာခဏ ဖြစ်ပွားလေ့ ရှိပြီး ယခု ပေါက်ကွဲသည့် မိုင်းမှာ မည်သည့်အဖွဲ့က ထောင်သော မိုင်းဖြစ်သည်ကိုမူ မသိရပေ။

Journal Download

Photo of three cats