ဒီးမော့ဆိုမြို့နယ်တွင် တိုက်ပွဲများ ဆက်ဖြစ်၊ ပြည်သူနေအိမ် ၉ လုံး မီးရှို့ဖျက်စီးခံရ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

ဒီးမော့ဆိုမြို့နယ်တွင် တိုက်ပွဲများ ဆက်ဖြစ်၊ ပြည်သူနေအိမ် ၉ လုံး မီးရှို့ဖျက်စီးခံရ


ကရင်နီ (ကယား)ပြည်နယ် ဒီးမော့ဆိုမြို့နယ်၌ ယမန်နေ့ ဇန်နဝါရီလ ၂၃ ရက်က တိုက်ပွဲများ ဆက်လက် ဖြစ်ပွားခဲ့ပြီး ပြည်သူနေအိမ် ၉ လုံး စစ်ကောင်စီတပ်၏ မီးရှို့ဖျက်စီးမှုကို ခံရသည်ဟု ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) ၏ ထုတ်ပြန်ချက်အရ သိရသည်။

.

ဒီးမော့ဆိုမြို့နယ်၊ စံပြ (၆) မိုင်ကျေးရွာအုပ်စု၊ ဟိုဖိတ်ကျေးရွာနှင့် စိုက်ကွင် (၂) ကျေးရွာတို့တွင် စစ်ကောင်စီတပ်က စစ်ကြောင်းထိုးလာသဖြင့် ၁၀ နာရီကြာ တိုက်ပွဲဖြစ်ပွားခဲ့ခြင်း ဖြစ်ပြီး တိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှ ထိခိုက်ကျဆုံးမှုများပြီး KNDF ဘက်က ရဲဘော်တစ်ဦး ထိခိုက်သည်ဟု KNDF က ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။

.

ထို့အတူ စစ်ကောင်စီတပ်သည် ဟိုဖိတ်၊ သပြေတောနှင့် စိုက်ကွင်း (၂) ကျေးရွာအတွင်းရှိ နေအိမ် ၉ လုံးကို မီးရှို့ဖျက်စီးခဲ့ကြောင်းနှင့် ဇန်နဝါရီလ ၂၂ ရက်ကလည်း ယင်းကျေးရွာများ၌ ဖြစ်ပွားခဲ့သည့် တိုက်ပွဲအတွင်းတွင် ဒေသခံ အရပ်သားပြည်သူများကို ဖမ်းဆီး၍ ၂ ဦးကို စစ်ကောင်စီတပ်က သတ်ဖြတ်ခဲ့သည်ဟု ဖော်ပြထားသည်။

Journal Download

Photo of three cats