လွိုင်ကော်မြို့ပေါ်တွင် စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ပြည်သူ ၆ ဦး သေဆုံးခဲ့ရ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။

လွိုင်ကော်မြို့ပေါ်တွင် စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ပြည်သူ ၆ ဦး သေဆုံးခဲ့ရ

ကရင်နီ (ကယား)ပြည်နယ်၊ လွိုင်ကော်မြို့၌ ယနေ့ ဇန်နဝါရီလ ၇ ရက်တွင် စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ပြည်သူ ၆ ဦး သေဆုံးကြောင်းခဲ့ရသည်ဟု PKPF က ထုတ်ပြန်သည်။

.

" အကြမ်းဖက် ဖက်ဆစ်စစ်တပ် လက်နက်ကြီး ပစ်ခတ်မှုကြောင့် လွိုင်ကော်မြို့ပေါ်တွင် နေအိမ်များ ထိခိုက်သည့်အပြင် ပြည်သူ အများအပြား ဒဏ်ရာ ရရှိသလို အပြစ်မဲ့ပြည်သူ ၆ ဦး သေဆုံးကြောင်း ကနဦး သတင်း ရရှိပါသည်။' ဟု PKPF သတင်းနှင့် ပြန်ကြားရေးဗျူရိုက ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။

.

ထို့အတူ စစ်ကောင်စီတပ်၏ လက်နက်ကြီးဖြင့်  ပစ်ခတ်မှုကြောင့် ပိတ်မိနေသည့် ပြည်သူကို သွားရောက် ကယ်ဆယ်ရင်း PDF တပ်ဖွဲ့ဝင် တစ်ဦး ဖြစ်သည့် ကျောင်းဆရာ ကိုနိုင်လင်း ကျဆုံးခဲ့ရသည်ဟုလည်း ထုတ်ပြန်ထားသည်။

Journal Download

Photo of three cats