ကွတ်ခိုင်မြို့နယ်၊ ကုန်းဆာကျေးရွာမှ အမျိုးသားတစ်ဦးသည် ယမန်နေ့ ဇန်နဝါရီလ ၁၂ ရက်၊ ညနေပိုင်းတွင် မိုင်း နင်းမိပြီး ညာဘက် ခြေဖဝါး ပျက်စီး ဆုံးရှုံးခဲ့ရသဖြင့် အကူအညီ လိုအပ်နေကြောင်း သိရသည်။
.
အဆိုပါ မိုင်းနင်းမိသူမှာ အသက် ၂၆ နှစ်အရွယ်ဦးအလောဝ်စာ ဖြစ်ပြီး ရွာအနီး၌ ထင်းခွေ (ထင်းရှာ) စဉ် မိုင်း နင်းမိ၍ ညာဘက်ခြေဖဝါး ဆုံးရှုံးခဲ့ရခြင်း ဖြစ်ကြောင်း သိရသည်။
.
လက်ရှိတွင် ဦးအလောဝ်စာကို ကွတ်ခိုင်ဆေးရုံ၌ ဆေးကုသမှု ပေးနေရာမှ လားရှိုးဆေးရုံသို့ ဆက်လက် ပို့ဆောင်မည် ဖြစ်ပြီး အကူအညီ လိုအပ်နေကြောင်း သိရသည်။