ဖရူဆို အနောက်ဘက်ခြမ်းရှိ စစ်ရှောင်နေရာအား စစ်ကောင်စီတပ်က လေယာဉ်ဖြင့် ‌ဗုံးကြဲ၍ ပြည်သူ ၃ ဦး သေဆုံးခဲ့ရ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။

ဖရူဆို အနောက်ဘက်ခြမ်းရှိ စစ်ရှောင်နေရာအား စစ်ကောင်စီတပ်က လေယာဉ်ဖြင့် ‌ဗုံးကြဲ၍ ပြည်သူ ၃ ဦး သေဆုံးခဲ့ရ

ကရင်နီ (ကယား) ပြည်နယ်၊ ဖရူဆိုမြို့ အနောက်ဘက်ခြမ်းရှိ စစ်ရှောင်နေရာ တစ်ခု၌ ယနေ့ ဇန်နဝါရီလ ၁၇ ရက်၊ နံနက် ၁ နာရီခန့်တွင် စစ်ကောင်စီတပ်မှ လေယာဥ်ဖြင့် ဗုံးကြဲ၍ ပြည်သူ ၃ ဦး ဒဏ်ရာများ ရပြီးနောက် သေဆုံးခဲ့ရကြောင်း သိရသည်။

.

" ဖရူဆို အနောက်ဘက်ခြမ်း စစ်ရှောင်နေရာ တစ်ခုတွင် အကြမ်းဖက် ဖက်ဆစ်စစ်တပ်မှ လေယာဉ်ဖြင့် ဗုံးကြဲကာ မိုဆိုရွာသား ၃ ဦး ထိခိုက် ဒဏ်ရာရပြီး သေဆုံးကြောင်း သိရှိရပါသည်။" ဟု PKPF သတင်းနှင့် ပြန်ကြားရေးဗျူရို က ထုတ်ပြန်ခြင်း ဖြစ်သည်။

.

ထို့အပြင် ယမန်နေ့ ဇန်နဝါရီလ ၁၆ ရက်တွင်လည်း နန်းမယ်ခုံ၌ စစ်ကောင်စီတပ်မှ လေယာဉ်ဖြင့် ဗုံးကြဲရာ ပရဟိတလူငယ် ၃ ဦး ထိခိုက်သေဆုံးခဲ့ရသည်ဟု ထုတ်ပြန်ချက်အရ သိရသည်။

.

စစ်ကောင်စီတပ်သည် တမင် ရည်ရွယ်၍ ပြည်သူကို ပစ်မှတ်ထားခြင်း ဖြစ်ကြောင်းနှင့် လက်ရှိ ကရင်နီပြည်တွင် စစ်တပ်မှ အရပ်သား စစ်ရှောင်ပြည်သူများကို ပစ်မှတ်ထားပြီး လေယာဉ်ဖြင့် ဗုံးကြဲ သတ်ဖြတ်နေသည်ကို တွေ့ရှိရကြောင်း PKPF က ထုတ်ပြန်ထားသည်။

Journal Download

Photo of three cats