စစ်ကောင်စီတပ်က ဒွယ်လိုးမြို့နယ်အတွင်းလေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဆေးပေးခန်းများအား ထိမှန်ပျက်ဆီး - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

စစ်ကောင်စီတပ်က ဒွယ်လိုးမြို့နယ်အတွင်းလေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဆေးပေးခန်းများအား ထိမှန်ပျက်ဆီး

ကရင်အမျိုးသားအစည်းအရုံး (KNU) နယ်မြေ မူတြော်ခရိုင်၊ ဒွယ်လိုးမြို့နယ်အတွင်းသို့ စစ်ကောင်စီတပ်က လေယာဉ်ဖြင့် ယနေ့ ဇန်နဝါရီလ ၁၂ ရက်၊ နံနက် ၁ နာရီကျော်ခန့်တွင် ဗုံးကြဲ တိုက်ခိုက်ခဲ့သဖြင့် ဆေးပေးခန်းများ ထိမှန် ပျက်ဆီးခဲ့ရကြောင်း သိရသည်။

.


ဒွယ်လိုးမြို့နယ်အတွင်းရှိ လယ်ထူဖိုး၊ ဝါးခါဒဲ နှင့် ထွီသီးအူ အနီးအနား နေရာများသို့  အာဏာသိမ်း စစ်ကောင်စီတပ်မှ လေယာဉ် ၃ စင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်ဟု KNU က ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။

.

ယင်းကဲ့သို့ စစ်ကောင်စီတပ်မှ လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်မှု‌ကြောင့် လယ်ထူဖိုး၌ ၂ လုံး၊ ထွီသီးအူ၌ ၃ လုံး ကျခဲ့ပြီး လယ်ထူဖိုးဆေးပေးခန်း နှင့် ဝါးခါဒဲဆေးပေးခန်းများ ထိမှန်ပျက်စီးခဲ့ရ‌ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

Journal Download

Photo of three cats