စစ်ရှောင်ပြည်သူများအား ကူညီ လှူဒါန်းကြရန် တောင်ကြီး အခြေစိုက်ကျောင်းသားသမဂ္ဂများ မေတ္တာရပ်ခံ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

စစ်ရှောင်ပြည်သူများအား ကူညီ လှူဒါန်းကြရန် တောင်ကြီး အခြေစိုက်ကျောင်းသားသမဂ္ဂများ မေတ္တာရပ်ခံ


လူသားချင်းစာနာ ထောက်ထားမှူဆိုင်ရာ အရေးပေါ် အကူအညီများ လိုအပ်လျက်ရှိသော ကရင်နီ(ကယား)ပြည်နယ်မှ စစ်ရှောင် ပြည်သူများအတွက် နိုင်ငံတကာအဖွဲ့အစည်းများအနေဖြင့် ကူညီကယ်ဆယ်ရေးလုပ်ငန်းစဉ်များကို အလျင်မြန်ဆုံး အထူးအလေးအနက်ထားဆောင်ရွက်ပေးကြပါရန် နှင့်  နိုင်ငံတစ်ဝန်းရှိ ပြည်သူများမှလည်း ဒေသခံ ကူညီရေးအဖွဲ့အစည်းများနှင့် ချိတ်ဆက်၍ ကူညီလှူဒါန်းပေးကြပါရန် မေတ္တာရပ်ခံ တောင်းဆိုကြောင်း တောင်ကြီး အခြေစိုက်ကျောင်းသားသမဂ္ဂများ မေတ္တာရပ်ခံသည်။

.


နယ်မြေချင်း ဆက်စပ်လျက်ရှိသော တောင်ကြီး၊ ညောင်ရွှေ၊ ပင်လောင်း၊ ဆီဆိုင်မြို့နယ်တို့မှ ပြည်သူများအနေဖြင့် စစ်ရှောင်ပြည်သူများကို အိမ်ငှားရမ်းခ၊ အခြေခံစားသောက်ကုန်ဈေးနှုန်းများကို ပုံမှန်အတိုင်း ရောင်းချ ငှားရမ်းပေးခြင်း၊ သက်သာသော ဈေးနှုန်းများ စီစဉ်ပေးရန် နှင့် စစ်ရှောင် ပြည်သူများ၏ သတင်းဖြစ်စဉ်များကို အလေးထား အာရုံစိုက်ပေးရန်ကိုလည်း မေတ္တာရပ်ခံထားသည်။

.

ကရင်နီ (ကယား) ပြည်နယ်၌ စစ်ကောင်စီတပ်၏ လေကြောင်း ထိုးစစ်ဆင် တိုက်ခိုက်မှု အပြင် လက်နက်ကြီး ပစ်ခတ်မှုများ၊ မီးရှို့ဖျက်ဆီးမှုများကြောင့် ဒေသ လူဦးရေ စုစုပေါင်း၏ ထက်ဝက်ကျော်သည် ယခုအခါတွင် နေရပ်အိုးအိမ်စွန့်ခွာပြီး ထွက်ပြေး တိမ်းရှောင်နေရလျက် ရှိကြောင်း သိရသည်။

Journal Download

Photo of three cats