ထမ်စမ်းဂူအနီး လမ်းဘေး ချောက်အတွင်းသို့ ယာဉ်တစ်စီး ထိုးကျတိမ်းမှောက်၍ ၃ ဦး ဒဏ်ရာရ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

ထမ်စမ်းဂူအနီး လမ်းဘေး ချောက်အတွင်းသို့ ယာဉ်တစ်စီး ထိုးကျတိမ်းမှောက်၍ ၃ ဦး ဒဏ်ရာရ

ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်၊ ထမ်စမ်းဂူအနီး လမ်းဘေးရှိ ချောက်အတွင်းသို့ ယနေ့ ဇန်နဝါရီလ ၁ ရက်၊ နံနက် ၁၀ နာရီခွဲခန့်က မော်တော်ယာဉ် တစ်စီး ထိုးကျတိမ်း‌မှောက် ခဲ့သဖြင့် လူ ၃ ဦး ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရသည်။

.

တောင်ကြီးမြို့မှ ကာလိမြို့သို့ မောင်းနှင်လာသော MICRO Bus အမျိုးအစား မော်တော်ယာဉ်သည် ထမ်စမ်းဂူအနီး၊ မိုင်တိုင်အမှတ် (၁၄၆/၂) လမ်းကွေ့ အတက် အရောက်တွင် အရှိန် မထိန်းနိုင်ဘဲ လမ်း၏ ဘယ်ဘက် ပေ ၄၀၀ ခန့်ရှိ ချောက်အတွင်းသို့ ထိုးကျ တိမ်းမှောက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

.

အဆိုပါ ယာဉ်တိမ်းမှောက်မှုအား မီးသတ်တပ်ဖွဲ့က ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ပြီး ထိခိုက်ဒဏ်ရာ ရရှိခဲ့သော ယာဉ်ပေါ်ပါ အမျိုးသား ၃ ဦးကို  ကြက်ခြေနီက ဟိုပုံးဆေးရုံသို့ ပို့ဆောင်ခဲ့‌ကြောင်း သိရသည်။

Journal Download

Photo of three cats