ကရင်ပြည်နယ်၊ ဖာပွန်မြို့နယ်၊ မဲပလိကျေးရွာမှ စစ်ကောင်စီလက်အောက်ခံ နယ်ခြားစောင့်တပ် (BGF) စခန်းကို KNU/KNLA တပ်မဟာ(၅) က ဇန်နဝါရီလ ၁၆ ရက်တွင် သိမ်းပိုက်လိုက်ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များအရ သိရသည်။
.
အဆိုပါ စခန်းမှာ အမှတ်(၁၀၁၄) နယ်ခြားစောင့်တပ် (BGF)၏ စခန်း ဖြစ်ပြီး တိုက်ပွဲတွင် KNLA ဘက်မှ ၂ ဦး ဒဏ်ရာ ရရှိခဲ့ကာ BGF ဘက်မှ သေဆုံး/ဒဏ်ရာ ရသည့် စာရင်းကိုမူ မသိရသေးပေ။
.
BGF တပ်ဖွဲ့ဝင်များအနေဖြင့် ဇန်နဝါရီလ ၁၅ ရက် နောက်ဆုံးထား၍ ကရင်လူမျိုးများ ဘက်မှ ရပ်တည်ရန် KNU က သတိပေးမှုများ ပြုလုပ်ထားသည်။