UWSA ဌာနချုပ် အခြေစိုက်သည့် ပန်ခမ်း (ပန်ဆန်း) မြို့၏ Lockdown ကာလကို ဒီဇင်ဘာလ ၄ ရက်ထိ ထပ်မံတိုးမြှင့် သတ်မှတ်ခဲ့သည်ဟု သိရသည်။
.
ပန်ခမ်းမြို့တွင် COVID-19 ရောဂါကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းကို ပိုမို ထိရောက်စေရန်အတွက် Lockdown ကာလကို ဒီဇင်ဘာလ ၂ ရက်မှ ၄ ရက်အထိ တိုးမြှင့်ရန် ဆုံးဖြတ်လိုက်သည်ဟု မြို့ COVID-19 ရောဂါကာကွယ်ထိန်းချုပ်ရေးအဖွဲ့က ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။
.
အဆိုပါ Lockdown ကာလအတွင်း ပြည်သူများအနေဖြင့် COVID-19 ရောဂါကာကွယ်ထိန်းချုပ်ရေးအဖွဲ့မှ ချမှတ်ထားသော စည်းကမ်းများအား လိုက်နာရန်ကိုလည်း တိုက်တွန်းထားသည်။
.
ပန်ခမ်း (ပန်ဆန်း) တစ်မြို့လုံးကို အာခေါင်တို့ဖတ် စစ်ဆေးရာတွင် မြို့ပေါ် နေရာ အများအပြား၌ ရောဂါ ကူးစက်မှု ပြန့်နှံ့လျက် ရှိနေသည့် အတွက် နိုဝင်ဘာလ ၁၀ ရက်၊ ည ၁၂ နာရီမှ စတင်၍ Lockdown သတ်မှတ်ခဲ့ခြင်း ဖြစ်သည်။