ရှမ်းပြည်နယ်၌ ၃၆၈ ဦး‌ ဖမ်းဆီးခံထားရပြီး ၄၈ ဦး သေဆုံးခဲ့ရသည်ဟု SWAN အဖွဲ့ ထုတ်ပြန် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

ရှမ်းပြည်နယ်၌ ၃၆၈ ဦး‌ ဖမ်းဆီးခံထားရပြီး ၄၈ ဦး သေဆုံးခဲ့ရသည်ဟု SWAN အဖွဲ့ ထုတ်ပြန်


အာဏာသိမ်းခံထားရသည့် ကာလအတွင်း ရှမ်းပြည်နယ်၌ ဖမ်းဆီးခံခဲ့ရသူ ၃၆၈ ဦး ရှိပြီး ၄၈ သေဆုံးခဲ့ရသည်ဟု ရှမ်းအမျိုးသမီး‌ရေးရာ ဆက်သွယ်လှုပ်ရှား‌ဆောင်ရွက်ရေးအသင်း (SWAN) က ယနေ့ ဒီဇင်ဘာလ ၈ ရက်တွင် ထုတ်ပြန်သည်။

.
အဆိုပါ စာရင်းမှာ ဖေဖော်ဝါရီလ ၁ ရက်မှ ဒီဇင်ဘာလ ၇ ရက်ထိ အခြေအနေ ဖြစ်ပြီး နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ၏ စာရင်းကို အခြေခံကာ SWAN က ထုတ်ပြန်ထားခြင်း ဖြစ်‌ကြောင်း သိရသည်။
.
မြန်မာ တစ်နိုင်ငံလုံးတွင်မူ စစ်အာဏာသိမ်းမှု ဖြစ်ပေါ်ပြီးနောက် ဒီဇင်ဘာလ ၇ ရက်အထိ ရက်ပေါင်း ၃၁၀ အတွင်း ၁၃၀၅ ဦး သေဆုံးခဲ့ရပြီး ၁၀၇၅၆ ဦး ဖမ်းဆီးခံခဲ့ရကာ ဝရမ်းထုတ်ခံထားရသူ ၁၉၆၃ ဦး ရှိကြောင်း AAPP ၏ ထုတ်ပြန်ချက်အရ သိရသည်။

Journal Download

Photo of three cats