ရှမ်းပြည်နယ်၏ တစ်ခုတည်းသော Stay at Home အဖြစ် သတ်မှတ်ခံထားရဆဲ ဖြစ်သည့် တာချီလိတ်မြို့နယ်ကို ဒီဇင်ဘာလ ၁၁ ရက်မှ စတင်၍ ယင်းအစီအစဉ်မှ ပယ်ဖျက်ခဲ့သည်ဟု သိရသည်။
.
တာချီလိတ် အပါအဝင် မြို့နယ်ပေါင်း ၈ ခုကို Stay at Home အစီအစဉ်တွင် အကျုံးဝင်ခြင်းမှ ပယ်ဖျက်ကြောင်း စစ်ကောင်စီ၏ ကျန်းမာရေးဝန်ကြီးဌာနက ယနေ့တွင် ကြေညာခဲ့ခြင်း ဖြစ်သည်။
.
တာချီလိတ်မြို့နယ်ကို ပြီးခဲ့သည့် ဇူလိုင်လ ၁၃ ရက်တွင် Stay at Home သတ်မှတ်ခဲ့ခြင်း ဖြစ်သည်။