နိုင်ငံတကာ လူ့အခွင့်အရေးနေ့ ဖြစ်သည့် ဒီဇင်ဘာလ ၁၀ ရက်တွင် ရှမ်းပြည်နယ်ရှိ တောင်ကြီး အပါအဝင် မြို့နယ် အသီးသီးမှ ဒေသခံ ပြည်သူများသည် ငြိမ်သက်ခြင်းသပိတ် (Silent Strike) ကို ပြုလုပ်ခဲ့ကြကြောင်း သိရသည်။
.
မြန်မာနိုင်ငံ၌ စစ်အာဏာ သိမ်းမှုကြောင့် ဆိတ်သုဉ်းနေသည့် လူ့အခွင့်အရေးများ ပြန်လည်ရရှိရန်အတွက် တောင်းဆိုဆန္ဒပြသည့် အနေဖြင့် ပြည်သူများမှာ အိမ်ပြင် မထွက်ဘဲ ငြိမ်သက်စွာ သပိတ်မှောက် ဆန္ဒထုတ်ဖော်ကြခြင်း ဖြစ်သည်။
.
ထို့အတူ လူငယ် အများစု ပါဝင်သည့် ဒေသခံများကလည်း စစ်အာဏာရှင်ကို ဆန့်ကျင်သည့် စာသားများ ပါဝင်သော ဆိုင်းဘုတ်များ ကိုင်ဆိုင်ကာ လက်သုံးချောင်း ထောင်၍ ဆန္ဒထုတ်ဖော်မှုများ ပြုလုပ်ခဲ့ကြသည်။
.
သို့ရာတွင် ငြိမ်သက်ခြင်းသပိတ် (Silent Strike) ကို မပြုလုပ်ဘဲ ပုံမှန်အတိုင်း သွားလာနေကြသည့် မြို့နယ်အချို့ ရှိခဲ့သည်ဟုလည်း သိရသည်။
News Link -
.
#KBZTai #Shan #News10December2021
▬▬▬▬▬▬
https://t.me/kbztainews
https://twitter.com/kbztainews
www.kanbawzatainews.com
www.facebook.com/kanbawzatai
www.facebook.com/kbztai