မြန်မာနိုင်ငံ၏ အထင်ကရ နေရာ တစ်ခု ဖြစ်သည့် ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့နယ်ရှိ အင်းလေးကန် အတွင်း၌လည်း ယမန်နေ့က ငြိမ်သက်ခြင်းသပိတ် (Silent Strike) ကို ပြုလုပ်ခဲ့သည်ဟု သိရသည်။
.
အင်းလေးကန် တစ်နေရာ၌ ဒေသခံလူငယ်များက စစ်အာဏာရှင် ဆန့်ကျင်ကြောင်းကို ထုတ်ဖော် ပြသခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
.
လူ့အခွင့်အရေးနေ့ ဖြစ်သည့် ဒီဇင်ဘာလ ၁၀ ရက်တွင် ရှမ်းပြည်နယ် အပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ မြို့နယ်အသီးသီးမှ ပြည်သူများသည် စစ်အာဏာရှင်ကို ဆန့်ကျင်ကြောင်းငြိမ်သက်ခြင်းသပိတ် (Silent Strike) ကို ပြုလုပ်ခဲ့ကြခြင်း ဖြစ်သည်။