.
၎င်းတို့သည် အနက်ရောင် အဝတ်အစားများ ဝတ်ဆင်၍ လက်သုံးချောင်းထောင်၍ စစ်အာဏာရှင်အား ဆန့်ကျင်သည့် စာသားများ ကိုင်ဆောင်ကာ Silent Strike တွင် ပါဝင်ခဲ့ခြင်း ဖြစ်သည်။
.
ယနေ့ ဒီဇင်ဘာလ ၁၀ ရက်နေ့သည် "ကမ္ဘာ့လူ့အခွင့်အရေးနေ့" ဖြစ်ပြီး အာဏာသိမ်းမှုကြောင့် မြန်မာပြည်သူများ ကြုံတွေ့ ခံစားနေကြရသည့် လူ့အခွင့်အရေး ချိုးဖောက်ခံနေရမှုများကို ထုတ်ဖော်ပြသသည့် အနေဖြင့် အသံတိတ်သပိတ် "Silent Strike"ကို တစ်နိုင်ငံလုံးတွင် ပြုလုပ်ရန် စီစဉ်နေခြင်း ဖြစ်ကြောင်း သိရသည်။