CDM စစ်သည်များနှင့် အရပ်သား ပညာရှင်များ ပါဝင်သည့် PSPT မှ ရှေ့ထွက်မိုင်းနှင့် ကားမိုင်းများ ထုတ်လုပ် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

CDM စစ်သည်များနှင့် အရပ်သား ပညာရှင်များ ပါဝင်သည့် PSPT မှ ရှေ့ထွက်မိုင်းနှင့် ကားမိုင်းများ ထုတ်လုပ်

CDM စစ်သည်များနှင့် အရပ်သား ပညာရှင်များ ပါဝင်သည့် ပြည်သူ့စစ်သား စစ်လက်နက် ထုတ်လုပ်ရေးတပ်ဖွဲ့ (PSPT)မှ Project K1 အဖြစ် ရှေ့ထွက်မိုင်းနှင့် ကားမိုင်းများကို အရေအတွက်အမြောက်အမြား ပြုလုပ်ပေးနေသည်ဟု ယနေ့ ဒီဇင်ဘာလ ၁၇ ရက်တွင် ထုတ်ပြန်သည်။

.

PPST ၏ Project K1 မှ ရှေ့ထွက်မိုင်း သာမက ကားမိုင်း အဖြစ်ပါ နှစ်မျိုး Dual Purposes ဖြင့် သုံးနိုင်မည့် မိုင်းကို ထုတ်လုပ်နေခြင်း ဖြစ်ပြီး ယင်း Project တွင် DSTA ဆင်း CDM အရာရှိများ၊ Other Rank များနှင့် အရပ်သားကျွမ်းကျင်ပညာရှင်များ ပါဝင်ကြောင်း သိရသည်။

.

အဆိုပါ ရှေ့ထွက်မိုင်း၏ ရည်ရွယ်ချက်မှာ ရန်သူ့စစ်ကြောင်းအား ဟန့်တား စစ်ဆင်ရန်၊ ရန်သူဒဏ်ရာ ရစေရန် ဖြစ်ပြီး ကားမိုင်း ရည်ရွယ်ချက်မှာ ရန်သူ လူ/လက်နက်/ခဲယမ်း ထောက်ပို့လမ်းကြောင်းအား ဖြတ်တောက်ရန်နှင့် ရန်သူ့ယာဉ်ကားများအား ထိခိုက် ပျက်စီးစေရန်နှင့် ရန်သူများ ထိခိုက်ဒဏ်ရာရစေရန်ဟု ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

.

Project K1 (Dual Purposes) အား တစ်ခုလျှင် Raw materials /ယမ်း/ remote အပါအ၀င် ငွေကျပ် ၉၀၀၀၀ ခန့် ကုန်ကျပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နှင့် ဒေသကာကွယ်ရေးအဖွဲ့များအတွက် ပထမအဆင့် အနေဖြင့် အရေအတွက် ၁၀၀၀ ပြုလုပ်မည် ဖြစ်ကာ လက်ရှိတွင် ခုခံတော်လှန် စစ်မြေပြင်တွင် အသုံးပြုနေပြီဟု သိရသည်။

Journal Download

Photo of three cats