ရှမ်းတောင်တွင် စစ်ဆင်ရေးများ လုပ်ဆောင်တော့မည် ဖြစ်ကြောင်း PDF အဖွဲ့များ ကြေညာ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။

ရှမ်းတောင်တွင် စစ်ဆင်ရေးများ လုပ်ဆောင်တော့မည် ဖြစ်ကြောင်း PDF အဖွဲ့များ ကြေညာ

ရှမ်းပြည်နယ်တောင်ပိုင်းတွင် ဒေသဆိုင်ရာ တော်လှန်ရေးအဖွဲ့အစည်း နှင့်အတူ စစ်ဆင်ရေးများ လုပ်ဆောင်တော့မည် ဖြစ်ကြောင်း ဒေသကာကွယ်ရေးတပ်ဖွဲ့ PDF များက ယနေ့ ဒီဇင်ဘာလ ၂၈ ရက်တွင် ကြေညာချက် ထုတ်ပြန်သည်။

.

စစ်အာဏာရှင် တော်လှန်ရေးသည် အရှိန်အဟုန် မြင့်တက်လာခဲ့ပြီ ဖြစ်၍ တောင်ကြီးမြို့ ပြည်သူ့ကာကွယ်‌ရေးတပ်ဖွဲ့ (TPDF)၊ ‌ရွာငံမြို့ပြပြောက်ကျားတပ်ဖွဲ့ (YUG)၊ ရွှေညောင်မြို့ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ (SNPDF)၊ အေးသာယာမြို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ATYPDF) နှင့် နေမင်း ပြောက်ကျားအထူးကာကွယ်ရေးတပ်ဖွဲ့ တို့ ပါဝင်သည့် ပူးပေါင်းတပ်ဖွဲ့က ယင်းကဲ့သို့ စစ်ဆင်ရေး ပြုလုပ်မည်ကို ကြေညာခဲ့ခြင်း ဖြစ်သည်။

.

ပြည်သူများ အနေဖြင့် ထိခိုက်နစ်နာမှု မရှိစေရန် အတွက် မလိုအပ်ဘဲ ပျော်ပွဲရွှင်ပွဲများတွင် ပါဝင်ခြင်း၊ စားသောက်ဆိုင်များတွင် အချိန် ကြာမြင့်စွာ အချိန်ဖြုန်းခြင်း၊ စစ်ကောင်စီ လက်အောက်ခံ အဖွဲ့အစည်းများ ရုံးစိုက်ရာ နေရာများသို့ သွားရောက်ခြင်း၊ အချိန် ကြာမြင့်စွာ ရှိနေခြင်း၊ စစ်ကောင်စီမှ အသုံးပြုသော အိမ်စီးကားများနှင့် အနည်းဆုံး ကိုက် ၅၀၀ အကွာအဝေး မောင်းနှင် ကြရန်‌ဟု ကြေညာချက်တွင် ထည့်သွင်းမေတ္တာ ရပ်ခံထားသည်။

Journal Download

Photo of three cats