မီတာခ အတင်းအကြပ် ကောက်ခံပါက အသက်အန္တရာယ် ထိခိုက်သည်အထိ အရေးယူမည်ဟု နောင်ချို PDF ထုတ်ပြန် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

မီတာခ အတင်းအကြပ် ကောက်ခံပါက အသက်အန္တရာယ် ထိခိုက်သည်အထိ အရေးယူမည်ဟု နောင်ချို PDF ထုတ်ပြန်


နောင်ချိုမြို့နယ်ရှိ EPC ရုံး ဝန်ထမ်းများ အနေဖြင့် မီတာခွန်များကို အတင်းအကြပ် ထပ်မံ ကောက်ခံမည် ဆိုပါက အသက်အန္တရာယ် ထိခိုက်သည်အထိ အရေးယူသွားမည် ဖြစ်ကြောင်း နောင်ချို PDF ထုတ်ပြန်ခဲ့သည်။

.

နောင်ချိုမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ယနေ့ ဒီဇင်ဘာလ ၁၄ ရက်တွင် ကြေညာစာ ထုတ်ပြန်၍ ယင်းကဲ့သို့ သတိပေးခဲ့ခြင်း ဖြစ်သည်။

.

နောင်ချို PDF အနေဖြင့် EPC ရုံးအား နောက်ဆုံးအကြိမ် မိုင်းခွဲခြင်းဖြင့် သတိပေးခဲ့ပြီး ဖြစ်ကာ ထိုသို့ ပြုလုပ်ရခြင်းမှာ ပြည်သူများထံမှ အတင့်ရဲစွာ ငွေကြေးများအား လိုက်လံကောက်ခံနေသောကြောင့် ဖြစ်သည်ဟုလည်း အသိပေးစာတွင် ဖော်ပြထားသည်။

Journal Download

Photo of three cats