ရှမ်းပြည်နယ် တောင်ပိုင်းရှိ KLTPDF (ကလော)၊ TPDF (တောင်ကြီး)၊ SNPDF (ရွှေညောင်)၊ YUG (ရွာငံ)၊ ATYPDF (အေးသာယာ) အဖွဲ့များက မဟာမိတ်အဖြစ် ပူးပေါင်း၍ စစ်အာဏာရှင်ကို တော်လှန် တိုက်ထုတ်သွားမည်ဟု ထုတ်ပြန်ခဲ့သည်။
.
မဟာမိတ်အဖွဲ့များ အနေဖြင့် ပြည်သူလူထု၏ ဆန္ဒနှင့်အညီ ရှေ့ဆက် ဆောင်ရွက်ရန် သဘောတူညီမှု ရရှိပြီး ဖြစ်သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
.
ထို့အတူ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ EAOs များနှင့် ချိတ်ဆက် ပူးပေါင်းသွားမည်ဟုလည်း ထုတ်ပြန်ကြေညာထားသည်။