လွိုင်ကော်တွင် ကင်းပုန်းဝပ်နေသည့် စစ်ကောင်စီတပ်ကို DMO-PDF နှင့် KGZ တို့ ပူးပေါင်းတိုက်ခိုက် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

လွိုင်ကော်တွင် ကင်းပုန်းဝပ်နေသည့် စစ်ကောင်စီတပ်ကို DMO-PDF နှင့် KGZ တို့ ပူးပေါင်းတိုက်ခိုက်

DMO- PDF သင်တန်းဆင်းပွဲ

လွိုင်ကော်မြို့နယ်၊ မိုင်းလုံးရပ်ကွက်ရှိ ရထားလမ်းအနီး၌ ကင်းပုန်းဝပ်နေသည့် စစ်ကောင်စီတပ်ကို ပြည်သူ့ကာကွယ်ရေးတပ် ဒီးမော့ဆို (DMO -PDF) နှင့် Loikaw KGZ တို့ ပူးပေါင်းတိုက်ခိုက်ခဲ့သည်ဟာ  DMO -PDF က ယ‌နေ့ ဒီဇင်ဘာလ ၂၇ ရက်တွင် ထုတ်ပြန်သည်။

.
ယမန်နေ့ ဒီဇင်ဘာလ ၂၆ ရက်၊ ည ၉ နာရီခန့်က တိုက်ပွဲ စတင် ဖြစ်ပွားခဲ့ခြင်း ဖြစ်ပြီး မိနစ်၂၀ ကြာ တိုက်ပွဲတွင် စစ်ကောင်စီဘက်က ၃ ဦး ဒဏ်ရာ ရရှိခဲ့‌ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။
.
ပြီးခဲ့သည့် ဒီဇင်ဘာလ ၂၅ ရက်ကလည်း ရဲစခန်း၌ တပ်စွဲထားသည့် စစ်ကောင်စီ တပ်ကို DMO -PDF နှင့် KGZ တို့ ပူးပေါင်း တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်က ၃ ဦး သေဆုံးခဲ့ကြောင်း သိရသည်။
.
စစ်ကောင်စီတပ်များသည် လွိုင်ကော်မြို့အတွင်း ညအချိန် ကင်းလှည့်နေသဖြင့် ပြည်သူလူထု အနေဖြင့် မလိုအပ်ဘဲ အပြင်သို့ သွားလာခြင်း မပြုရန် DMO-PDF က တိုက်တွန်းထားသည်။

Journal Download

Photo of three cats