တောင်ကြီးမြို့နယ်၌ NLD ပါတီ၊ မြို့နယ်အမျိုးသမီးလုပ်ငန်းကော်မတီ ဥက္ကဌ၊ သတင်းထောက်ဟောင်း ဖြစ်သူ ဒေါ်ဝင်ဝင်းနွယ် (ခေါ်) မနွယ်ကို ယနေ့ ဒီဇင်ဘာလ ၂၂ ရက်၊ နံနက် အစောပိုင်း (ည ၁၂ နာရီခွဲခန့်)တွင် စစ်ကောင်စီက ဖမ်းဆီးသွားသည်ဟု သိရသည်။
.
တောင်ကြီးမြို့နယ်ရှိ ၎င်း၏ နေအိမ်တွင် လာရောက် ဖမ်းဆီးသွားခြင်း ဖြစ်ပြီး လက်ရှိတွင် မည်သည့် နေရာသို့ ခေါ်ဆောင်သွားသည်ကို မသိရသေးကြောင်း သိရသည်။
.
ဒေါ်ဝင်ဝင်းနွယ် (ခေါ်) မနွယ် သည် ယခင်က NLD ပါတီ၏ ပြန်ကြာရေးတာဝန်ခံ အဖြစ် ဆောင်ရွက်ခဲ့ဖူး သကဲ့သို့ သံလွင်သူ အမည်ဖြင့် သတင်းထောက် အဖြစ်လည်း လုပ်ဆောင်ခဲ့ဖူးသူ ဖြစ်ကြောင်း သိရသည်။