အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) မှ ၂၀၂၀ ရွေးကောက်ပွဲ အနိုင်ရ ရှမ်းပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ ဒေါ်သန်းငွေသည်ဒီဇင်ဘာလ ၁၇ ရက်၊ ညပိုင်းက စစ်ကောင်စီ၏ ဖမ်းဆီးမှုကို ခံခဲ့ရသည်ဟု သိရသည်။
.
" ဟုတ်တယ်၊ မနက်က လာခေါ်သွားတာပါ။ ၅၀၅ နဲ့ အမှု ဖွင့်တယ်တဲ့။" ဟု တောင်ကြီးမြို့ခံ တစ်ဦးက ပြောသည်။
.
စစ်ကောင်စီ၏ လက်နက်ကိုင်အဖွဲ့များက တောင်ကြီးမြို့ရှိ ဒေါက်တာ ဒေါ်သန်းငွေ၏ နေအိမ်သို့ လာရောက် ဖမ်းဆီးသွားကြခြင်း ဖြစ်ကြောင်း သိရသည်။
.
ဒေါက်တာ ဒေါ်သန်းငွေ သည် အသက် ၇၃ နှစ်အရွယ် ရှိပြီ ဖြစ်ကာ ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲနှင့် ၂၀၁၅၊ ၂၀၂၀ အထွေထွေ ရွေးကောက်ပွဲများတွင် အနိုင် ရရှိခဲ့သည့် NLD ပါတီ ကိုယ်စားပြု လွှတ်တော်ကိုယ်စားလှယ် တစ်ဦး ဖြစ်သည်။
.
#KBZTaiNews #18December2021
▬▬▬▬▬▬
https://t.me/kbztainews
https://twitter.com/kbztainews
www.kanbawzatainews.com
www.facebook.com/kanbawzatai
www.facebook.com/kbztai