မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA) (ကိုးကန့်)နှင့် စစ်ကောင်စီတပ်တို့သည် မုံးကိုးဒေသ၌ ဒီဇင်ဘာလ ၂၆ ရက်၊ နေ့လယ်ပိုင်းက တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီ၏ လက်နက်ကြီးကြောင့် ဒေသခံ တစ်ဦး သေဆုံးခဲ့ရကြောင်း The Kokang က ယနေ့ ဒီဇင်ဘာလ ၂၈ ရက်တွင် ထုတ်ပြန်သည်။
.
ဟွာချောက်နှင့် မန်ကျယ်ကြားတွင် ၆ နာရီကျော်ကြာ တိုက်ပွဲ ပြင်းထန်စွာ ဖြစ်ပွားခဲ့ခြင်း ဖြစ်ပြီး တိုက်ပွဲတွင် စစ်ကောင်စီဘက်မှ ထိခိုက်ကျဆုံးသူ ၇ ဦးနှင့် အထက်ရှိခဲ့သည်ဟု ထုတ်ပြန်ချက်အရ သိရသည်။
.
ယင်းနေ့ ည ၁၀ နာရီဝန်းကျင်ခန့်တွင် ထပ်မံတိုက်ပွဲ ဖြစ်ပွားခဲ့ရာ စစ်ကောင်စီ ကား တစ်စီးပျက်စီးခဲ့ပြီး ထိခိုက်ကျဆုံးသူ ၅ ဦးနှင့် အထက်ရှိကြောင်းလည်း ထုတ်ပြန်ထားကာ MNDAA ဘက်တွင် ထိခိုက် ကျဆုံးမှု ရှိ/မရှိကိုမူ ဖော်ပြမထားပေ။
.
ပြီးခဲ့သည့် ဩဂုတ်လမှ စတင်ခဲ့သည့် စစ်ကောင်စီ တပ်များ၏ တစ်ကျော့ပြန် ထိုးစစ်ဆင် တိုက်ပွဲများကြောင့် ဒေသခံ အရပ်သားပြည်သူ အများအပြား သေဆုံးခဲ့ရပြီး ယင်းအနက် အသက် ၁၀ နှစ်အရွယ် ကလေးငယ် တစ်ဦး ပါဝင်ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။