MNDAA ၏ တပ်သားသစ် အခြေခံလေ့ကျင့်ရေး သင်တန်းဆင်းပွဲ ပြုလုပ် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

MNDAA ၏ တပ်သားသစ် အခြေခံလေ့ကျင့်ရေး သင်တန်းဆင်းပွဲ ပြုလုပ်

 


မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ် တပ်မတော် (MNDAA) ၏ တပ်သားအခြေခံလေ့ကျင့်ရေးသင်တန်း ဆင်းပွဲကို ယနေ့ ဒီဇင်ဘာလ ၂၀ ရက်တွင် ပြုလုပ်ခဲ့သည်ဟု The Kokang ၏ ထုတ်ပြန်ချက်အရ သိရသည်။

.

အဆိုပါ သင်တန်းမှာ ၆ လကြာ သင်ကြား ပို့ချခဲ့ပြီး အခြေခံလေ့ကျင့်ရေး သင်တန်း ပြီးစီးသည်နှင့် အမျှ တော်လှန်ရေးလမ်းစဉ်တွင် လူငယ်များ ထပ်မံ ပေါက်ဖွားလာသည်ဟု ထုတ်ပြန်ချက်၌ ဖော်ပြပါရှိသည်။

.


တပ်သားသစ်များအနေဖြင့် လုပ်ငန်းခွင်သို့ ရောက်သည့်အခါတွင် အမိန့် လုံးဝ နာခံခြင်း ၊ လုပ်ဆောင်ချက်အားလုံးသည် အမိန့်အတိုင်းလိုက်နာခြင်း ၊ မိမိကိုယ်မိမိ ကြီးကြပ်ခြင်း ၊ အတတ်ပညာများကို ကောင်းစွာ အသုံးပြုခြင်း ၊ အထက်အရာရှိနှင့် ပြည်သူ၏မျှော်လင့်ချက်များကို ကောင်းမွန်စွာ ဖော်ဆောင်သွားရန် တိုက်တွန်းခဲ့သည်ဟုလည်း ဖော်ပြထားသည်။

.

အဆိုပါ အခမ်းအနားသို့ MNDAA လေ့ကျင့်ရေးဌာနနှင့် ကျန်းမာရေးဌာနတို့မှ အရာရှိများ၊ စုစုပေါင်း ၂၆၀ ဦးကျော် တက်ရောက်ခဲ့ပြီး သင်တန်း ထူးချွန်သူများကို ဂုဏ်ပြုဆုများ ပေးအပ်ခဲ့ကြောင်း သိရသည်။



Journal Download

Photo of three cats