Photo ; KNU |
KNU ထိန်းချုပ်နယ်မြေ ဖြစ်သည့် ကော့ကရိတ်မြို့နယ်၊ ကော့နွှဲကျေးရွာသို့ စစ်ကောင်စီတပ်မှ အင်အား ၁၀၀ ခန့် နံနက် အစောပိုင်းတွင် ကျူးကျော် ဝင်ရောက်လာသဖြင့် ဒေသခံပြည်သူများ ထွက်ပြေးတိမ်းရှောင်နေရကြောင်း KNU က ယနေ့ ဒီဇင်ဘာလ ၂၂ ရက်တွင် သတင်းထုတ်ပြန်သည်။
.
ယင်းကဲ့သို့ စစ်ကောင်စီ တပ်များ ကျူးကျော် ဝင်ရောက်မှုကြောင့် ကော့နွဲ၊ ရွာသစ်ကုန်း၊ အံကလောင် ကျေးရွာ အနီးအနားရှိ ဒေသခံပြည်သူများသည် စစ်ကောင်စီတပ်များကို ကြောက်လန့်၍ ထွက်ပြေး တိမ်းရှောင်နေကြသည်ဟု ထုတ်ပြန်ချက်၌ ဖော်ပြထားခြင်း ဖြစ်သည်။
.
ကော့နွှဲကျေးရွာ၌ ယမန်နေ့၊ ၁၁ နာရီခွဲခန့်တွင် စစ်ကောင်စီတပ်နှင့် KNLA တပ်ရင်း (၁၈)၊ တပ်ရင်း(၂၇) တပ်တို့ ၁၅ မိနစ်ကြာ တိုက်ပွဲ ဖြစ်ပွားခဲ့ပြီးနောက် စစ်ကောင်စီတပ်က ရွှေကြက်မင်း ဘုရားကုန်းဘက်မှ လက်နက်ကြီးဖြင့် အကြိမ်ရေ ၃၀ ခန့် ပစ်ခတ်ခဲ့ကြောင်း ယင်း ထုတ်ပြန်ချက်အရ သိရသည်။