ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF)/B-02 ၏ အင်အားဖြည့်တင်းရေးအတွက် လေ့ကျင့်သင်ကြားခဲ့သည့် စစ်ရေးသင်တန်းမှ တပ်ဖွဲ့ဝင်များ သင်တန်းဆင်းနိုင်ပြီဖြစ်ကြောင်း ယနေ့ ဒီဇင်ဘာလ ၃၀ ရက်တွင် (KNDF)/B-02 သတင်းနှင့် ပြန်ကြားရေးဌာန က ထုတ်ပြန်သည်။
.
အဆိုပါ သင်တန်းတွင် အထူးလေ့ကျင့်ရေးတပ်ဖွဲ့ဝင်များ၊ လက်နက်ကြီး၊ လက်နက်ငယ်များကိုကျွမ်းကျင်စွာ ပစ်ခတ်နိုင်သော ထူးချွန်သည့်တပ်ဖွဲ့ဝင်သစ်များလည်း ပါဝင်သော်လည်းလက်နက်/ခဲယမ်း လိုအပ်ချက် ရှိနေသေးကြောင်းကိုလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။