DMO-PDF တပ်ရင်း(A) စစ်သင်တန်း ဆင်းပွဲ ပြုလုပ် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

DMO-PDF တပ်ရင်း(A) စစ်သင်တန်း ဆင်းပွဲ ပြုလုပ်

NUG ၏ လမ်းညွှန်မှု​အောက်ရှိ ပြည်သူ့ကာကွယ်​ရေးတပ် - ဒီး​မော့ဆို (DMO-PDF) တပ်ရင်း(A) ၏ အခြေ​ခံ စစ်သင်တန်း​ပွဲကို ယ​နေ့ဒီဇင်ဘာလ ၂၁ ရက်​တွင် အောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ခဲ့သည်ဟု DMO-PDF က ထုတ်ပြန်သည်။

.


အဆိုပါ စစ်သင်တန်းဆင်းပွဲ အခမ်းအနားသို့ NUG အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် စစ်ဦးစီးချုပ်မှ ဂုဏ်ပြုလွှာ​ ပေးပို့ခဲ့ပြီး အခမ်းအနားသို့ ဒီး​မော့ဆို PDF၏ ဗဟို​စစ်​ကော်မရှင်၀င်များ၊ ဘာသာ​ရေး​ဆရာ​တော်များ၊ EAOs တပ်ဖွဲ့ဝင်များ၊ ရပ်မိရပ်ဖများ၊ မဟာမိတ် တပ်ဖွဲ့၀င်များနှင့် ပြည်သူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

.

သင်တန်း၌ ​သေနတ်ပစ် ထူးချွန်သည့် သင်တန်းသားများနှင့် ရဲဝင့်စွာ တိုက်ပွဲဝင်ခဲ့ကြသည့် တပ်ဖွဲ့ဝင်များကို DMO- PDF တပ်ရင်းမှူးက ဂုဏ်ပြုဆု ချီးမြှင့်ခဲ့‌ကြောင်းလည်း သိရသည်။




Journal Download

Photo of three cats