ဒီးမော့ဆိုရဲစခန်းမှ စစ်​ကောင်စီတပ်ကို DMO-PDF နှင့် KGZ တို့ ပူးပေါင်း တိုက်ခိုက် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

ဒီးမော့ဆိုရဲစခန်းမှ စစ်​ကောင်စီတပ်ကို DMO-PDF နှင့် KGZ တို့ ပူးပေါင်း တိုက်ခိုက်


ဒီး​​မော့ဆိုမြို့ မြို့မရဲစခန်း၌ တပ်စွဲထားသည့် စစ်​ကောင်စီတပ်ကို ပြည်သူ့ကာကွယ်​ရေးတပ် - ဒီး​မော့ဆို (DMO-PDF) တပ်ဖွဲ့နှင့် KGZ တပ်ဖွဲ့​တို့ ပူး​ပေါင်းပြီး ဒီဇင်ဘာလ ၂၅ ရက်​က သွား​ရောက်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

.

တိုက်ပွဲမှာ ညနေ ၃ နာရီခွဲကျော်ခန့်က စတင်၍ အချိန် ၂ နာရီကြာ ပစ်ခတ်မှု ဖြစ်ပွားခဲ့ပြီး တိုက်ပွဲအတွင်း စစ်​ကောင်စီ တပ်ဖက်မှ ၃ ဦး သေဆုံးခဲ့သည့် အပြင် ထိခိုက်ဒဏ်ရာ ရမှုများ ရှိခဲ့​ကာ DMO-PDF ဖက်မှ တပ်ဖွဲ့ဝင် ၂ ဦးလည်း ထိခိုက်ဒါဏ်ရာ ရခဲ့သည်ဟု DMO-PDF က ထုတ်ပြန်သည်။

.

ထို့အပြင် စစ်​ကောင်စီတပ်ဖွဲ့က ဒီး​မော့ဆိုမြို့မရဲစခန်း​ရှေ့ရှိ ပြည်သူပိုင်​ နေအိမ်တစ်လုံးကို မီးရှို့ခဲ့ပြီး တိုက်ပွဲ ဖြစ်ပွားမှု မရှိ​သည့် ​ဒေါငံခါး​ကျေးရွာဘက်ကို လက်နက်ကြီးဖြင့် ပစ်ခတ်ရာ ငြိမ်းချမ်းခြင်းသခင်မ ဘုရားရှိခိုး​​​ကျောင်း​ အနောက်ဘက် ​ပေ ၂၀၀ ခန့်အကွာတွင် ကျ​ရောက်​ ပေါက်ကွဲခဲ့ကြောင်းနှင့် ညပိုင်းတွင် ၁၅ မိနစ်ခန့် အကြာ ထပ်မံ တိုက်ပွဲ ဖြစ်ပွားခဲ့သည်ဟုလည်း ထုတ်ပြန်ထားသည်။

.

စစ်​ကောင်စီတပ်များ အင်အားသုံး ထိုးစစ်ဆင်လာနိုင်သည့်အတွက် တိုက်ပွဲများ ထပ်မံ ဖြစ်ပွားနိုင်၍ ပြည်သူများအ​နေဖြင့် လုံခြုံ​ရေး သတိရှိရှိသွားလာ​နေထိုင်ကြရန်ကိုလည်း DMO-PDF က သတိ​ပေးထားသည်။

Journal Download

Photo of three cats