ပြည်သူ့ကာကွယ်ရေးတပ်-ဒီးမော့ဆို (DMO-PDF) တပ်ရင်း (j) ၏ တပ်သားသစ် အခြေခံစစ်သင်တန်း ဆင်းပွဲကို ယနေ့ ဒီဇင်ဘာလ ၁၉ ရက်တွင် အောင်မြင်စွာ ကျင်းပ ပြုလုပ်နိုင်ခဲ့သည်ဟု ထုတ်ပြန်သည်။
.
စစ်အာဏာရှင် တိုက်ထုတ် တွန်းလှန်ရာတွင် အမျိုးသားများ နည်းတူ အမျိုးသမီးများလည်း ပါဝင် တွန်းလှန်ခဲ့ကြသည်ဟု မှတ်တမ်းဓါတ်ပုံများနှင့်တကွ DMO-PDF က ထုတ်ပြန်လာခြင်း ဖြစ်သည်။
.
သင်တန်းသားသစ်များအတွက် စစ်ယူနီဖောင်း အခက်အခဲ ရှိနေသေး၍ အရပ်ဝတ်ဖြင့် သင်တန်း ဆင်းခဲ့ရကြောင်းနှင့် ပါဝင်လှူဒါန်း လိုပါက ဆက်သွယ် လှူဒါန်းနိုင်ကြောင်းကိုလည်း ဖိတ်ခေါ်ထားသည်။