ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့၌ ယနေ့ ဒီဇင်ဘာလ ၃၀ ရက်တွင် COVID-19 ပိုး ရှိသူ ၁၁၇ ဦး တွေ့ရှိခဲ့ကြောင်း သိရသည်။
.
ပြည်သူ့ကျန်းမာရေးဓါတ်ခွဲမှုဆိုင်ရာဌာန (တောင်ကြီး)၌ PCR ဖြင့် စစ်ဆေးသည့် ဓါတ်ခွဲနမူနာ ၁၆၂ ခု အနက် ၁၁၃ ဦးတွင် COVID-19 ပိုး တွေ့ခဲ့သည်ဟု ယင်းဌာနက ယနေ့တွင် ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။
.
ထို့အတူ ဟိုပုံးမြို့၌ အသွားအလာ ကန့်သတ်ထားသူ ၁၁၅ ဦး၏ နှာခေါင်းတို့ဖတ်များကို RDT ဖြင့် စစ်ဆေးရာ ၄ ဦးတွင် COVID-19 ပိုး တွေ့ခဲ့သည်ဟု ဟိုပုံးဆေးရုံက ထုတ်ပြန်ခဲ့သည်။
.
ဟိုပုံးမြို့၌ COVID-19 ပိုး ရှိသူ စုစုပေါင်း ၁၈၀၀ ဦးကျော် တွေ့ရှိထားပြီး ယင်းအနက် ၁၆၀၀ ဦးခန့်မှာ ဆေးရုံမှ ဆင်းခွင့် ရပြီ ဖြစ်ကာ ၄၅ ဦးမှာမူ သေဆုံးခဲ့ရကြောင်း သိရသည်။