တောင်ကြီးမြို့နယ်၌ ဒီဇင်ဘာလ ၁ ရက်မှ ယနေ့ ၃ ရက်ထိ၊ ၃ ရက်တာ ကာလအတွင်း COVID-19 ပိုး ရှိသူ စုစုပေါင်း ၇၁ ဦး တွေ့ရှိခဲ့ကြောင်း သိရသည်။
.
ဒီဇင်ဘာလ ၁ ရက်တွင် ၁၈ ဦး၊ ၂ ရက်တွင် ၃၆ ဦး၊ ၃ ရက်တွင် ၁၇ ဦး၊ စုစုပေါင်း ၇၁ ဦး တွေ့ရှိခဲ့ခြင်း ဖြစ်ပြီး ပိုးတွေ့ ရာခိုင်နှုန်း အနေဖြင့် ၄ ရာခိုင်နှုန်း ရှိသည်ဟု သိရသည်။
.
တောင်ကြီးမြို့နယ်ကို ပြီးခဲ့သည့် နိုဝင်ဘာလ ၂၅ ရက်တွင် Stay at Home အစီအစဉ်မှ ပယ်ဖျက်ခဲ့ရာ ယင်းနေ့မှ ယနေ့ထိ COVID-19 ပိုး ရှိသူမှာ စုစုပေါင်း ၂၀၇ ဦး ရှိကြောင်းလည်း သိရသည်။
.
တောင်ကြီးမြို့နယ် အတွင်း တတိယလှိုင်း ကာလ လအလိုက် COVID-19 ပိုး တွေ့ရှိမှု အနေဖြင့် ဇွန်လတွင် ၁၂၀ ဦး (၃၃ ရာခိုင်နှုန်း)၊ ဇူလိုင်လတွင် ၁၆၉၁ ဦး (၃၉ ရာခိုင်နှုန်း)၊ ဩဂုတ်လတွင် ၂၄၆၈ ဦး (၃၁ ရာခိုင်နှုန်း)၊ စက်တင်ဘာလတွင် ၈၇၅ ဦး (၇ ရာခိုင်နှုန်း)၊ အောက်တိုဘာလတွင် ၅၆၀ ဦး (၆ ရာခိုင်နှုန်း)၊ နိုဝင်ဘာလတွင် ၆၂၈ ဦး (၃ ရာခိုင်နှုန်း)၊ ဒီဇင်ဘာလ ၃ ရက်တာတွင် ၇၁ ဦး (၄ ရာခိုင်းနှုန်း) ဖြစ်ကြောင်း သိရသည်။