ဟိုပုံးမြို့၌ COVID-19 ပိုး ရှိသူ ကျောင်းသား/သူ ၅၂ ဦး ထပ်တွေ့ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

ဟိုပုံးမြို့၌ COVID-19 ပိုး ရှိသူ ကျောင်းသား/သူ ၅၂ ဦး ထပ်တွေ့


ပအိုဝ်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့၌ COVID-19 ပိုး ရှိသူ ကျောင်းသား/သူ ၅၂ ဦးကို ယ‌နေ့ ဒီဇင်ဘာလ ၂၅ ရက်တွင် ထပ်မံ တွေ့ရှိခဲ့ကြောင်း သိရသည်။

.

အသွားအလာ ကန့်သတ်စောင့်ကြပ် ကြည့်ရှုထားသူ ၁၁၀၀ ဦး၏ နှာခေါင်းတို့ဖက်များကို RDT ဖြင့် စစ်ဆေးခဲ့ရာ ၅၂ ဦးတွင် COVID-19 ရောဂါပိုး တွေ့ရှိသည်ဟု ဟိုပုံးဆေးရုံက ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။

.

အဆိုပါ COVID-19 ပိုး တွေ့ရှိခဲ့သည့် သူများမှာ နောင်တောင်ကျောင်းမှ ကျောင်းသား/သူများ ဖြစ်ကာ ယမန်နေ့ ဒီဇင်ဘာလ ၂၄ ရက်တွင်လည်း ကျောင်းသား/သူ ၂၃ ဦးတွင် COVID-19 ပိုး တွေ့ခဲ့ပြီး ၎င်းတို့ကို သာသနာ့ဗိမ္မာန် Positive Center တွင် ထားရှိကြောင်းနှင့် လတ်တလောအခြေအနေအရ လူနာများမှာ ကျန်းမာရေး ကောင်းမွန်ကြောင်း သိရသည်။

.

ဟိုပုံးမြို့နယ်၌ COVID-19 ပိုး ရှိသူ စုစုပေါင်း ၁၇၂၅ ဦး တွေ့ရှိခဲ့ပြီး ယင်းအနက် ၄၄ ဦး သေဆုံး၍ ၁၅၇၇ ဦးမှာ ဆေးရုံမှ ဆင်းခွင့် ရပြီ ဖြစ်ကြောင်း သိရသည်။

Journal Download

Photo of three cats