ဟိုပုံးမြို့မှ ကျောင်းသား/သူ ၂၃ ဦးတွင် COVID-19 ပိုး တွေ့ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

ဟိုပုံးမြို့မှ ကျောင်းသား/သူ ၂၃ ဦးတွင် COVID-19 ပိုး တွေ့


 ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့မှ ကျောင်းသား/သူ ၂၃ ဦးတွင် COVID-19 ပိုး တွေ့ရှိခဲ့ကြောင်း ဟိုပုံးဆေးရုံ၏ ထုတ်ပြန်ချက်အရ သိရသည်။

.

အသွားအလာ ကန့်သတ်စောင့်ကြပ် ကြည့်ရှုထားသူ ၃၄၅ ဦး၏ နှာခေါင်းတို့ဖက်များကို RDT ဖြင့် စစ်ဆေးခဲ့ရာ ၂၃ ဦးတွင် COVID-19 ရောဂါပိုး တွေ့ရှိသည်ဟု ယနေ့ ဒီဇင်ဘာလ ၂၄ ရက်တွင် ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။

.

အဆိုပါ COVID-19 ပိုး တွေ့ရှိခဲ့သည့်သူများမှာ နောင်တောင်ကျောင်းမှ အသက် ၁၆ နှစ်မှ ၂၀ နှစ် အတွင်းရှိ ကျောင်းသား ၁၂ ဦးနှင့် ကျောင်းသူ ၁၁ ဦးတို့ ဖြစ်ပြီး ၎င်းတို့ကို သာသနာ့ဗိမ္မာန် Positive Center တွင် ထားရှိကြောင်းနှင့် လတ်တလောအခြေအနေအရ လူနာများမှာ ကျန်းမာရေး အခြေအနေ ကောင်းမွန်ကြောင်း သိရသည်။

.

ဟိုပုံးမြို့နယ်၌ COVID-19 ပိုး ရှိသူ စုစုပေါင်း ၁၆၇၃ ဦး တွေ့ရှိခဲ့ပြီး ယင်းအနက် ၄၃ ဦး သေဆုံး၍ ၁၅၇၇ ဦးမှာ ဆေးရုံမှ ဆင်းခွင့် ရပြီ ဖြစ်ကြောင်း သိရသည်။

Journal Download

Photo of three cats