ဆီဆိုင်၊ မောက်မယ်နှင့် ပင်းတယတို့တွင် COVID-19 ပိုး ရှိသူ ၄၀ ဦး တွေ့ရှိ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။

ဆီဆိုင်၊ မောက်မယ်နှင့် ပင်းတယတို့တွင် COVID-19 ပိုး ရှိသူ ၄၀ ဦး တွေ့ရှိ

ရှမ်းပြည်နယ်တောင်ပိုင်းရှိ ဆီဆိုင်၊ မောက်မယ်နှင့် ပင်းတယမြို့နယ်တို့၌ COVID-19 ပိုး ရှိသူ ၄၀ ဦး တွေ့ရှိခဲ့ကြောင်း ပြည်သူ့ကျန်းမာရေးဓါတ်ခွဲမှုဆိုင်ရာဌာန (တောင်ကြီး)က ယနေ့ ဒီဇင်ဘာလ ၂၃ ရက်တွင် ထုတ်ပြန်သည်။

.

ဆီဆိုင်မြို့နယ်မှ ၃၄ ဦး၊ မောက်မယ်မြို့နယ်မှ ၃ ဦး၊ ပင်းတယမြို့နယ်မှ ၃ ဦးတို့၏ ဓါတ်ခွဲနမူနာများတွင် COVID-19 ပိုး တွေ့ရှိခဲ့ခြင်း ဖြစ်သည်။

.

ပြည်သူ့ကျန်းမာရေးဓါတ်ခွဲမှုဆိုင်ရာဌာန (တောင်ကြီး)၌ စစ်ဆေးခဲ့သည့် ဓါတ်ခွဲနမူနာ ၁၇၈ ခုအနက် ၄၀ ခုတွင် COVID-19 ပိုး တွေ့ရှိခဲ့ခြင်း ဖြစ်ပြီး ပိုးတွေ့ ရာခိုင်နှုန်းမှာ ၂၂ ဒသမ ၄၇ ရာခိုင်နှုန်း ဖြစ်ကြောင်း သိရသည်။

Journal Download

Photo of three cats