ရှမ်းပြည်နယ်တောင်ပိုင်းရှိ မြို့နယ် ၆ ခုတွင် COVID-19 ပိုး ရှိသူ ၆၁ ဦး တွေ့ရှိခဲ့သည်ဟု တောင်ကြီးမြို့ရှိ ပြည်သူ့ကျန်းမာရေးဓါတ်ခွဲမှုဆိုင်ရာဌာန (PHL)က ယနေ့ ဒီဇင်ဘာလ ၁၄ ရက်တွင် ထုတ်ပြန်သည်။
.
PHL(တောင်ကြီး)၌ စစ်ဆေးခဲ့သည့် ဓါတ်ခွဲနမူနာများအနက် တောင်ကြီးမြို့နယ်မှ ၂၆ ဦး၊ ဟိုပုံးမြို့နယ်မှ ၁၈ ဦး၊ လင်းခေးမြို့နယ်မှ ၆ ဦး၊ နမ့်စန်မြို့နယ်မှ ၆ ဦး၊ ပင်းတယမြို့နယ်မှ ၄ ဦး၊ မိုးနဲမြို့နယ်မှ ၁ ဦးတို့တွင် COVID-19 ပိုး တွေ့ခဲ့ခြင်း ဖြစ်ပြီး လွိုင်လင်၊ ပင်လောင်းနှင့် ညောင်ရွှေမြို့နယ်တို့မှ ဓါတ်ခွဲနမူနာများတွင် ပိုး မတွေ့ကြောင်း သိရသည်။
.
စုစုပေါင်း ဓါတ်ခွဲနမူနာ ၃၃၂ ခုအား စစ်ဆေးရာတွင် ၆၁ ခုတွင် COVID-19 ပိုး တွေ့ခဲ့ခြင်း ဖြစ်ရာ ပိုးတွေ့နှုန်းအနေဖြင့် ၁၈ ဒသမ ၃၇ ရာခိုင်နှုန်း ရှိကြောင်း သိရသည်။