တာချီလိတ်မြို့နယ်၊ ဝမ်ပုံနယ်မြေရဲစခန်းမှ ရဲတပ်ကြပ် နေလင်းအောင်သည် CDM ပြုလုပ်၍ စစ်အာဏာရှင် ပြုတ်ကျရေးနှင့် ဖက်ဒရယ် ဒီမိုကရေစီစနစ် ဖော်ဆောင်ရေးအတွက် ကရင်နီဒီမိုကရက်တစ်တပ်ဦး (KDF) နှင့် လာရောက်ပူပေါင်းခဲ့သည်ဟု KDF က ဒီဇင်ဘာလ ၁၃ရက်တွင် ထုတ်ပြန်ခဲ့သည်။
.
ရဲတပ်ကြပ် နေလင်းအောင် သည် ရှမ်းပြည်နယ် ရဲတပ်ဖွဲ့၌ တွဲဖက် တာဝန်ကျနေစဥ် CDM ပြုလုပ်ခဲ့ခြင်း ဖြစ်အား ၎င်းကို KDF မှဝမ်းမြောက် ဂုဏ်ယူစွာ ကြိုဆိုကြောင်းနှင့် ပြည်သူ့ရင်ခွင်နှင့် ချိတ်ဆက်ပေးသွားမည်ဟု KDF က ထုတ်ပြန်ထားသည်။