ညောင်ရွှေအကျဉ်းထောင် (တောင်လေးလုံး) ၌ ဖမ်းဆီးခံထားရသည့် ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးစိုးညွန့်လွင်သည် ယနေ့ ဒီဇင်ဘာလ ၃၀ ရက်တွင် " ထောင်ဒဏ် ၃၈ နှစ် ချမှတ် ခံခဲ့ရကြောင်း သိရသည်။
.
" ၅၀၅ နှစ်မှုအတွက် ၄ နှစ်၊ နိုင်ငံတော်ပုန်ကန်မှု ၁၂၂ အတွက် ၂၀ နှစ်၊ ၁၂၄(က) အတွက် ၇ နှစ်နဲ့ ငွေဒဏ် ၁ သိန်း၊ ၁၂၄(ဃ) အတွက် ၇ နှစ်နဲ့ ငွေဒဏ် ၁ သိန်းပါ။ အဂတိ အမှု ၄ မှု အမိန့်ချဖို့ ကျန်ပါသေးတယ်။" ဝန်ကြီး၏ မိသားစုနှင့် နီးစပ်သူ တစ်ဦးက ပြောသည်။
.
ထို့အတူ လွိုင်လင်မြို့နယ် NLD ပါတီ ဥက္ကဌ ဦးရဲလှိုင်ကိုလည်း ယနေ့တွင်ပင် ထောင်ဒဏ် ၁၉ နှစ် ချမှတ်ခံရသည်ဟုလည်း သိရသည်။
.
ဝန်ကြီး ဦးစိုးညွန့်လွင် နှင့် ဦးရဲလှိုင်တို့သည် ပြီးခဲ့သည့် မတ်လ ၅ ရက်၊ ညပိုင်းက ရန်ကုန်မြို့ရှိ ၈ ထပ်တိုက် တစ်ခု၌ စစ်ကောင်စီ၏ ဖမ်းဆီးခြင်းကို ခံခဲ့ရခြင်း ဖြစ်သည်။