မူဆယ်မြို့၊ ရွှေညောင်ပင်လမ်းရှိ တရုတ်ငွေ လဲသည့် အမျိုးသမီးတစ်ဦး၏ နေအိမ်တွင် ယမန်နေ့ ဒီဇင်ဘာ ၂၇ ရက်၊ ည ၇ နာရီခန့်က ဓားပြတိုက်ခံရကြောင်း သိရသည်။
.
အဆိုပါ ဓါးပြ တိုက်ခံရသည့် နေအိမ်မှာ မအားလီ၏ နေအိမ် ဖြစ်ပြီး အမည်မသိ လက်နက်ကိုင် ၄ ဦးက လာရောက်ပြီး ဓားပြ တိုက်သွားခြင်း ဖြစ်ကြောင်း သိရသည်။
.
ပြီးခဲ့သည့် ဒီဇင်ဘာ ၂၀ ရက်၊ ညနေပိုင်းကလည်း မူဆယ်မြို့လယ်ရှိ နာရီစဉ် အနီးတွင် တရုတ်ငွေလဲနေသူ တစ်ဦး ဓားပြ တိုက်ခံရပြီး သေနတ်ကျည် ထိမှန်ခဲ့ကြောင်း သိရသည်။