ကျေးသီးမြို့နယ်၌ ယမန်နေ့ ဒီဇင်ဘာလ ၁၃ ရက်၊ နံနက်ပိုင်းက အသက် ၁၅ နှစ်အရွယ် လူငယ် အမျိုးသား တစ်ဦး မြေမြုပ်မိုင်း နင်းမိခဲ့သဖြင့် ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရသည်။
.
ကျေးသီးမြို့နယ်၊ ဝမ်ခုန့်ကျေးရွာအုပ်စု၊ ကောင်းမူးကျေးရွာမှ စိုင်းပန်းစိုင် သည် ပြောင်းခြံသို့ သွားရောက်စဉ် ယင်းကဲ့သို့ မိုင်း နင်းမိခဲ့ခြင်း ဖြစ်သည်။
.
အဆိုပါ မိုင်း နင်းမိမှုကြောင့် စိုင်းပန်းစိုင် ၏ ကျော၊ လည်ပင်းနှင့် ခြေထောက်တို့တွင် ဒဏ်ရာများ ရရှိခဲ့ပြီး လက်ရှိတွင် ကျေးသီးဆေးရုံ၌ ဆေးကုသမှု ခံယူနေကြောင်း သိရသည်။
.
ပြီးခဲ့သည့် အောက်တိုဘာ ၂၄ ရက်ကလည်း ကျေးသီးမြို့နယ်၊ ဝမ်ချင်ကျေးရွာအုပ်စု၊ ကုန်းကော်ကျေးရွာ၌ ဒေသခံ တစ်ဦး မြေမြုပ်မိုင်း နင်းမိကာ ဒဏ်ရာများ ရရှိ၍ ဆေးကုသမှု ခံယူခဲ့ရသည်။
.
မြန်မာနိုင်ငံ၌ မြေမြုပ်မိုင်းကြောင့် အပြစ်မဲ့ပြည်သူများ သေဆုံး/ထိခိုက်ဒဏ်ရာ ရရှိမှုမှာ ရှမ်းပြည်နယ်နှင့် ကချင်ပြည်နယ်တွင် အများဆုံး ဖြစ်ကြောင်း သိရသည်။