တပ်ဖွဲ့ဝင် ၄ ဦးနှင့် ပြည်သူ ၃၅ ဦးကို စစ်တပ်က သတ်ဖြတ်မှုအပေါ် ကလလတ ကန့်ကွက် ရှုံ့ချ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

တပ်ဖွဲ့ဝင် ၄ ဦးနှင့် ပြည်သူ ၃၅ ဦးကို စစ်တပ်က သတ်ဖြတ်မှုအပေါ် ကလလတ ကန့်ကွက် ရှုံ့ချ


နယ်ခြားစောင့် တပ်ဖွဲ့ဝင် ၄ ဦးနှင့် ပြည်သူ ၃၅ ဦးကို စစ်တပ်က သတ်ဖြတ်မှုသည် ဥပဒေမဲ့ အကြမ်းဖက် ရာဇဝတ်မှုကို ကျူးလွန်သည့်အတွက် နယ်ခြားစောင့်တပ် အဖြစ် လက်ခံ ဖွဲ့စည်းထားသော ကလလတ အဖွဲ့မှ ကန့်ကွက် ရှုံ့ချကြောင်း ယနေ့ ဒီဇင်ဘာလ ၂၅ ရက်တွင် ထုတ်ပြန်သည်။

.

ဖရူဆိုမြို့နယ်၊ မူဆိုကျေးရွာ အနီး၌ ဒေသခံ ရွာသား ၃၅ ဦးကို စစ်တပ်က ဖမ်းဆီးစဉ် ပြည်သူလူထုမှ နယ်ခြားစောင့်တပ်အား အကူအညီ တောင်းခံသဖြင့် နယ်ခြားစောင့် ရဲဘော် ၄ ဦးမှ ညှိနှိုင်းပေးရန် သွားရောက်စဉ် ဖမ်းဆီး၍ လက်ပြန်ကြိုး တုပ်ပြီး ဦးခေါင်းကို က်ရက်စက်စက် သတ်ဖြတ်ခဲ့သည်ဟု ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

.

ဖမ်းဆီး ခံထားရသော ကလေးနှင့် အမျိုးသမီးများ အပါအဝင် အပြစ်မဲ့ ရွာသား ၃၅ ဦးကို စစ်တပ်က ကားပေါ် ပစ်တင်၍ ဓါတ်ဆီ လောင်းကာ အရှင်လတ်လတ် လူမဆန်စွာ မီးရှို့သတ်ဖြတ်သည့် စစ်ရာဇဝတ်မှုမြောက် အကြမ်းဖက်မှုကို ကျူးလွန်ခဲ့သည်ဟုလည်း ဖော်ပြသည်။

.

ကရင်နီ လူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေးတပ်ဦး (ကလလတ) အဖွဲ့သည် ၁၉၉၄ ခုနှစ်၊ မေလ ၉ ရက်တွင် ငြိမ်းချမ်းရေး ယူပြီးနောက် ၂၀၀၉ ခုနှစ်၊ နိုဝင်ဘာလ ၈ ရက်တွင် နယ်ခြားစောင့်တပ် အဖြစ် လက်ခံ ဖွဲ့စည်းခဲ့သော အဖွဲ့အစည်းဖြစ်ကြောင်း သိရသည်။

.

[ ဓါတ်ပုံ - ကလလတ နယ်ခြားစောင့် တပ်ဖွဲ့ဝင်များအား စစ်တပ်က သတ်ဖြတ်ထားပုံ ]

Journal Download

Photo of three cats