အင်းလေးရေပေါ်ဈေး ပြန်လည် ဖွင့်လှစ်မည် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

အင်းလေးရေပေါ်ဈေး ပြန်လည် ဖွင့်လှစ်မည်


ညောင်ရွှေမြို့နယ်၊ အင်းလေးဒေသ၊ ဟဲယာရွာမကျေးရွာရှိ ရေပေါ်ဈေးကို ဒီဇင်ဘာလ ၂၁ ရက်မှ စ၍ ပြန်လည် ဖွင့်လှစ်မည် ဖြစ်ကြောင်း သိရသည်။

.

အဆိုပါ ရေပေါ်ဈေးသည် ၁၉၆၀ ခုနှစ် ဝန်းကျင်ကတည်းက စတင် ပေါ်ပေါက်ခဲ့ခြင်း ဖြစ်ကာ ရွာ၏ အောက်တွင် ရှိသောကြောင့် ရွာလယ်အောက်ဈေးဟု လည်းကောင်း၊ မိုင်းပျိုးညနေခင်း ဈေးသည်များ လာရောက် ရောင်းချသဖြင့် ညခင်းဈေးဟု လည်းကောင်း ခေါ်တွင်ပြီးနောက် ၁၉၉၆ ခုနှစ်တွင် ရေပေါ်ဈေးဟု အဆင့်ဆင့် ပြောင်းလဲခေါ်ဆိုခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

.

ယခင်က ပြည်တွင်း၊ ပြည်ပ ခရီးသွား ဧည့်သည်များ စိတ်ဝင်စားရာ နေရာ ဖြစ်ခဲ့သော်လည်း နွေရာသီတွင် ရေ လျော့နည်းလာမှုကြောင့် ရေပေါ်ဈေးအဖြစ် ရောင်းဝယ်မှု မပြုနိုင်ဘဲ ကုန်းမြေပေါ်သို့ ပြောင်းရွှေ့ခဲ့သဖြင့် ဆယ်စုနှစ် တစ်ခုကျော် ကြာ ပျောက်ကွယ်ခဲ့ရသည်။

.


ယမန်နှစ် ၂၀၂၀ ပြည့်နှစ်၊ အောက်တိုဘာ ၂ ရက်မှ စတင်၍ ရောင်း/ဝယ်သူများဖြင့် ပြန်လည် ရေပေါ်ဈေးမှာ ပြန်လည် စည်ကားလာခဲ့သော်လည်း COVID-19 ကူးစက်ပျံ့နှံ့မှုကြောင့် ယာယီ ပိတ်သိမ်းထားခဲ့ရာမှ ယခုတွင် COVID-19 စည်းကမ်းချက်နှင့် အညီ ဖွင့်လှစ်ရန် စီစဉ်နေခြင်း ဖြစ်သည်။

.

အဆိုပါ ရေပေါ်စျေးကို ငါးရက် တစ်ဈေး အဖြစ် ( ၅ ရက်လျှင် ၁ ရက် ဖွင့်) ဖွင့်လှစ် ရောင်းချခြင်းဖြစ်ပြီး ဟင်းသီးဟင်းရွက်နှင့် ဒေသထွက် ပစ္စည်းများကို လှေပေါ်တွင် တင်၍ အဓိကထား ရောင်းချသည့် အတွက် စီးပွားရေး အပြင် ဖျော်ဖြေရေးဆန်သော ရိုးရာဈေး ဖြစ်ကြောင်း သိရသည်။



Journal Download

Photo of three cats