စစ်ကိုင်းတိုင်းဒေသကြီး၊ ဆားလင်းကြီးမြို့နယ် မြောက်ခြမ်းနှင့် ယင်းမာပင်မြို့နယ် အရှေ့ခြမ်းရှိ ကျေးရွာများက ရွာပေါင်းစုံ သပိတ်စစ်ကြောင်းသည် ယနေ့ ဒီဇင်ဘာလ ၁၅ ရက်တွင် စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြမှု ၂၈၀ ရက်မြောက်နေ့ အဖြစ် ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။
.
ရွာပေါင်းစုံ သပိတ်စစ်ကြောင်းသည် “လောင်ကျွမ်းမှုထက် ပိုပြင်းတဲ့ တော်လှန်မှုနဲ့ လူထု လာပြီ” ဆိုသည့် စာတမ်းကို ကိုင်စွဲ၍ ကြွေးကြော်သံများဖြင့် ချီတက် ဆန္ဒပြခဲ့ကြခြင်း ဖြစ်သည်။