သိန္နီမြို့နယ်ရှိ ပန်လော့တိုးဂိတ်၌ ယမန်နေ့ ဒီဇင်ဘာလ ၇ ရက်၊ ညပိုင်းက ပစ်ခတ်မှု ဖြစ်ပွားခဲ့ပြီး ၃ ဦး ထိခိုက်ဒဏ်ရာများ ရရှိခဲ့သည်ဟု သိရသည်။
.
တိုက်ပွဲ ဖြစ်ပွားခြင်း ဖြစ်သော်လည်း မည်သည့်အဖွဲ့များ ဖြစ်သည်ကို မသိရသေးကြောင ဒေသခံများက ပြောဆိုနေကြသည်။
.
အဆိုပါ ပစ်ခတ်မှုမှာ တစ်နာရီခန့် ကြာမြင့်ခဲ့ပြီး ပစ်ခတ်မှုကြောင့် တိုးဂိတ်ဝန်ထမ်းနှင့် ကုန်တင်ကားသမား ၂ ဦးတို့ ထိခိုက်ဒဏ်ရာများ ရရှိခဲ့သည့် အပြင် မော်တော်ယာဉ် ၂ စီးလည်း ကျည် ထိမှန်ခဲ့ကြောင်း သိရသည်။