မူဆယ်မြို့ရှိ စည်ပင်ရုံး၌ ယနေ့ ဒီဇင်ဘာလ ၁၀ ရက်၊ နေ့လယ် ၁ နာရီခွဲခန့်က ဗုံးပေါက်ကွဲမှုဖြစ်ပွား၍ ဝန်ထမ်း ၂ ဦး ဒဏ်ရာများ ရရှိခဲ့သည်ဟု သိရသည်။
.
ဒဏ်ရာ ရရှိသူများမှာ အငယ်တန်းစာရေး နှင့် အကြီးတန်းစာရေးတို့ ဖြစ်သည်ဟု ဒေသခံများက ပြောဆိုနေကြပြီး ဖြစ်စဥ် အသေးစိတ် အခြေအနေကိုမူ မသိရပေ။
.
" ယနေ့ မူဆယ်မြို့တွင် Silent Strike တွင် မပါဝင်စေနိုင်ရန်အတွက် စျေးဆိုင်များ ပိတ်သိမ်းပါက စည်ပင်ဥပဒေအရ တစ်လ ပိတ်သိမ်းမည်ဟု ကြေညာအပြီး မူဆယ်မြို့ စည်ပင်ရုံးအား မူဆယ်မြို့ ကာကွယ်ရေးတပ်ဖွဲ့မှ သတိပေးဖောက်ခွဲခဲ့သည်" ဟု ရုပ်သံဖိုင်နှင့်အတူ PSDA က ထုတ်ပြန်ထားသည်ကို တွေ့ရသည်။
.
မူဆယ်မြို့၌ အကြောင်းပြချက် ခိုင်လုံမှု မရှိဘဲ ဈေးရောင်းချခြင်း မရှိပါက ဈေးဥပဒေအရ တစ်လ ယာယီပိတ်သိမ်းသွားမည်ဟု မူဆယ်မြို့နယ် စည်ပင်သာယာရေးဌာနက ယနေ့ ဒီဇင်ဘာလ ၁၀ ရက်၊ နံနက်ပိုင်းတွင် အသိပေး ကြေညာမှုများ ပြုလုပ်ခဲ့ကြောင်းလည်း သိရသည်။