ညောင်ရွှေမြို့နယ်၊ ကျွန်းတောင်ကျေးရွာအနီး၌ ဒီဇင်ဘာလ ၅ ရက် နံနက်ပိုင်းက ငွေ ကျပ်သိန်း ၂၁၀ ကျော် တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးများ ဖမ်းမိခဲ့ကြောင်း သိရသည်။
.
ပူးပေါင်း အဖွဲ့သည် ညောင်ရွှေမြို့နယ်၊ ကျွန်းတောင်ကျေးရွာအနီး၊ မှော်ဘီ-ကျောက်တလုံးကြီး ကျေးရွာသွား ကားလမ်းတွင် လှထွေး မောင်းနှင်ပြီး ဟိန်းထွန်းဇော် လိုက်ပါလာသော မော်တော်ဆိုင်ကယ်အား ရပ်တန့်စစ်ဆေးရှာဖွေရာ မော်တော်ဆိုင်ကယ်ခွကြားရှိ ဆာလာအိတ်အတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၄၃၆၀၀ ပြား (ဒေသကာလပေါက်စျေးတန်ဖိုးငွေကျပ် ၂၁၈ သိန်း)အား တွေ့ရှိသိမ်းဆည်းရမိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
.
အဆိုပါ စိတ်ကြွရူးသွပ်ဆေးများနှင့် အတူ ဖမ်းမိသည့် လှထွေး နှင့် ဟိန်းထွန်းဇော် တို့အား ညောင်ရွှေမြို့နယ်၊ နန့်ပန်နယ်မြေရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲ စေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။