ကျောက်မဲမြို့နယ် ပညာရေးမှူးရုံးတွင် ဗုံး ပေါက်ကွဲမှု ဖြစ် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။

ကျောက်မဲမြို့နယ် ပညာရေးမှူးရုံးတွင် ဗုံး ပေါက်ကွဲမှု ဖြစ်


ကျောက်မဲမြို့ရှိ မြို့နယ်ပညာရေးမှူးရုံးတွင် ယနေ့ ဒီဇင်ဘာလ ၁၁ ရက်၊ ၁၁ နာရီခန့်က ဗုံးဖြင့် အပစ်ခံရ၍ ပေါက်ကွဲမှု ဖြစ်ပွားခဲ့သည်ဟု သိရသည်။

.

ဗုံး ပေါက်ကွဲမှုကြောင့် ပညာရေးမှူးရုံး၏ နောက်ကျောဘက်ရှိ ပြတင်းတံခါး မှန်အချို့ ထိခိုက် ပျက်စီးခဲ့ပြီး လူ ထိခိုက်ဒဏ်ရာ ရရှိမှု မရှိကြောင်း သိရသည်။

.

အဆိုပါ ဗုံးဖြင့် ပစ်ခတ်သူနှင့် အဖွဲ့အစည်းအား မသိရသေးဘဲ စစ်ကောင်စီဘက်က တားမြစ် စစ်ဆေးမှုများ ပြုလုပ်နေသည့် အပြင် လူငယ် ၂ ကို ဖမ်းဆီးခဲ့သည်ဟု သိရသည်။

Journal Download

Photo of three cats