ရန်ကုန်မြို့၌ ဗကသများအဖွဲ့ချုပ်နှင့် လူထုအခြေပြု အထွေထွေသပိတ်ကော်မတီ တို့ ပူးပေါင်း၍ စစ်အာဏာရှင်စနစ် တိုက်ဖျက်ရေးလှုပ်ရှားမှုအဖြစ် ယနေ့ ဒီဇင်ဘာလ ၂၂ ရက်တွင် ဆန္ဒပြခဲ့ကြောင်း သိရသည်။
.
" ကျောင်းသားပြည်သူ ပူးပေါင်းလို့ စစ်အာဏာရှင်စနစ်ကို အမြစ်ဖြတ်ချေမှုန်းစို့ '' ၊ " ဗိုလ်အောင်ကျော်စိတ်ဓာတ် ကိုင်စွဲတိုက်ပွဲဝင်ကြ '' စသည့် စာတမ်းပါ ဗီနိုင်းများနှင့် ဗကသ၊ အကသ အလံများကိုင်စွဲကာ ကြွေးကြော်သံများဖြင့် ချီတက် ဆန္ဒပြခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။