မြို့တော် တောင်ကြီး၌ ယခု ရက်ပိုင်းအတွင်း တန်ဖိုးနည်း "အဝစား" ထမင်းဆိုင်များ ဖွင့်လှစ်လာသည်ဟု သိရသည်။
.
တောင်ကြီးမြို့၊ အဝေရာမီးပုံးပျံကွင်း အနီးရှိ ဘူတာဈေး၌ တန်ဖိုးနည်း "အဝစား" ထမင်းဆိုင်ကို ဒီဇင်ဘာလ ၇ ရက်က ပထမဆုံး ဖွင့်လှစ်ခဲ့ခြင်း ဖြစ်ကာ ယင်းဆိုင်ကို အပတ်စဉ် အင်္ဂါနေ့တိုင်းတွင် ရောင်းချမည် ဖြစ်ကြောင်း သိရသည်။
.
ထို့အတူ ကျောင်းကြီးစုရပ်ကွက်၊ ပုလဲလမ်း (212 ဈေးအနီး)၊ အမေ့အိမ် ကုန်စုံဆိုင်တွင်လည်း ငွေကျပ် ၇၀၀ တန် "ဇလုံ" ထမင်းဆိုင်ကို ယနေ့ ဒီဇင်ဘာလ ၈ ရက်တွင် ဖွင့်လှစ်ခဲ့သည်။
.
ထို့အပြင် ရေအေးကွင်းရပ်ကွက်၊ အေးချမ်းအောင်လမ်းရှိ United Bar တွင် လာမည့် ဒီဇင်ဘာလ ၁၁ ရက်မှ စတင်၍ အပတ်စဉ် တနင်္လာနေ့နှင့် သောကြာနေ့တိုင်းတွင် ၅၀၀ ကျပ်တန် အ၀စား ထမင်းဆိုင်ကို ဖွင့်လှစ်ရောင်းချမည်ဟု United Bar က ကြေညာထားသည်။
.
လက်ရှိ အခြေအနေအရ အလုပ်အကိုင် အခွင့်အလမ်း ရှားပါးလာမှုကြောင့် ပြည်သူအများ ဝင်ငွေ နည်းပါးနေချိန် ယင်းကဲ့သို့ တန်ဖိုးနည်း "အဝစား" ထမင်းဆိုင်များ ဖွင့်လှစ်ရောင်းချမှု အပေါ် ဒေသခံများက ကြိုဆိုနေကြသည်။